စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(တစ်အိတ်)လျှင် ၈၅၀၀၀ ကျပ် ၊ ဧရာမင်းဆန်(တစ်အိတ်)လျှင် ၆၃၀၀၀-၆၄၈၀၀ ကျပ်၊ ငစိန်ဆန် (တစ်အိတ်)လျှင် ၃၉၀၀၀-၄၀၀၀၀ ကျပ် ၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၁၄၅၀-၁၁၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၈၁၅၀-၈၂၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၇၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၈၀၀ မှ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၄၃၀၀ မှ ၄၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၅၀၀ မှ ၆၀၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၂၀၀ မှ ၂၄၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၃၅၀၀-၄၀၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၃၀၀-၅၅၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၇၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်)၁၅၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၇၅၀၀-၈၅၀၀ ကျပ်၊ ဝက်သား(တစ်ပိဿာ)လျှင် ၁၃၀၀၀-၁၄၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၈၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၅၀၀၀-၂၇၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၆၅၀၀-၇၀၀၀ ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၀၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ နံနတ်သီး (၁) လုံးလျှင် ၅၀၀-၇၀၀ ကျပ်၊ ဖရဲသီး(ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၁၀၀ ကျပ် အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။
ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်တက်နေပြီး၊ ယခုအချိန်တွင် မိုးမြေပဲများစတင်ထွက်ပေါ် နေပြီဖြစ်သောကြောင့် ဆီဈေးနှုန်းများ အနည်းငယ်ကျနေပြီး၊ ကျန်ဈေးနှုန်းများ ဈေးအေးနေပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်း ဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)