
အမေရိကန်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုများသည် Washington မှ ပင်လယ်စာအဓိကထုတ်ကုန်များဖြစ်သည့် ပုဇွန်နှင့်တူနာငါးအပေါ်အခွန် ၁၉ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှု အပြီးတွင် ဘတ် ၄.၈ ဘီလီယံခန့် ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း သိရပါသည်။ အမေရိကန် နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ပင်လယ်စာတင်ပို့သည့်စျေးကွက်ဖြစ်ပြီး ယခင်ဆယ်စုနှစ် အတွင်းတွင် ဘတ် ၈၁၁ ဘီလီယံဝန်းကျင်ခန့်၊ နှစ်စဥ် တန်ချိန်ပေါင်း ၃ သန်းခန့် ဝယ်ယူ တင်သွင်းခဲ့ သည့် ကမ္ဘာ့ထိပ်သီးတင်သွင်းသည့် နိုင်ငံဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ် အတွင်းတွင် နှစ်စဥ် ဘတ် ၄၀.၅၅ ဘီလီယံခန့်တန်ကြေးရှိသော ပင်လယ်စာကုန်သွယ်မှုနှင့်အတူ ကုန်သွယ်ရေးမြှင့်တင်မှုများကို ဆက်လက်ထိန်းသိမ်းလျက်ရှိကြောင်း သိရပါသည်။ ငါးလုပ်ငန်း ဦးစီးဌာနရှိ အပြည်ပြည်ဆိုင်ရာပင်လယ်စာကုန်သွယ်မှုလေ့လာရေးအဖွဲ့အစည်း၏ ဥက္ကဌဆိုသူ Praphan Noradee ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံသို့ ထိုင်းနိုင်ငံပင်လယ်စာတင်ပို့မှု သည် နှစ်စဥ် ဘတ် ၄၆.၄၁ ဘီလီယံတန်ကြေးရှိသောတန်ချိန်ပေါင်း ၂၃၆၂၅၅ တန်ခန့်၊ တင်ပို့မှုများ၏ ၂၁.၇၉ ရာခိုင်နှုန်းအထိ ဖြစ်ကြောင်း သိရပါသည်။ နှစ်စဥ်တင်ပို့မှုနှုန်း ၃.၀၉ ရာခိုင် နှုန်းမြင့်တက်မှုနှင့်အတူ တန်ဖိုးသည်လည်း ၂.၂၆ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်းသိရပါ သည်။ အဓိက တင်ပို့သည့် ပင်လယ်စာများမှာ ပုဇွန်၊ ပင်လယ်ငါး၊ တူနာငါးတို့ဖြစ်ကြောင်း သိရပါ သည်။ Praphan က ထိုင်းနိုင်ငံသည် တစ်ခြားယှဥ်ပြိုင်သူများနှင့် နှိုင်းယှဥ်လျှင် ရလဒ်ဆိုးများ မရရှိသော်လည်း အမေရိကန်နိုင်ငံ၏ အခွန်တိုးမြင့်ကောက်ခံမှုကြောင့် ဝယ်လိုအားများကျဆင်း လာနိုင်ပြီး တင်ပို့မှု ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ကြောင်း သိရပါသည်။ ထိုင်းပုဇွန်တင်ပို့မှု ကဏ္ဍသည် အကောက်ခွန် ၁၉ ရာခိုင်နှုန်းတိုးမြင့်မှုအပြင် ထပ်ဆောင်းအခွန်ငွေ ၀.၈၁ ရာခိုင်နှုန်း ပေးဆောင်ရမှုနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ တစ်ခြားတစ်ဖက်တွင် ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံမှ ဆဲလ်မွန်ငါး၊ Alaskan ငါးနှင့် ရေခဲထားသော လတ်ဆတ်သည့် တူနာငါးများ ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းတွင် ထိုင်းနိုင်ငံ၏ ပင်လယ်စာကုန်သွယ်မှုသည် စုစုပေါင်း ဘတ် ၁၈၇.၂၂ ဘီလီယံခန့်ရောက်ရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၀.၇ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ တင်ပို့မှုတန်ဖိုးသည် ဘတ် ၁၀၉.၅၅ ဘီလီယံခန့်ရောက်ရှိခဲ့ပြီး တင်သွင်းမှုတန်ဖိုးသည် ဘတ် ၇၇.၆၆ ဘီလီယံခန့်ရောက်ရှိကာ ကုန်သွယ်မှုဝင်ငွေသည် ၃၁.၈၈ ဘီလီယံခန့်အထိဖြစ်လာကြောင်း သိရပါသည်။
Source: Nation Thailand
DOCA (ရန်ကုန်)