
ထိုင်းနိုင်ငံရှိမော်တော်ကားထုတ်လုပ်မှုများသည် လျှပ်စစ်ကားထုတ်လုပ်ရောင်းချမှုများ မြင့်တက်လာသော်လည်း အကောက်ခွန်စည်းကြပ်မှုကြောင့် တင်ပို့မှုအား ထိခိုက်မှုများရှိလာသဖြင့် သုံးလအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာကြောင်း သြဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်သော ထိုင်းနိုင်ငံစက်မှုလက်မှုလုပ်ငန်းအဖွဲ့အစည်း၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ ယခင်လတွင် ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုသည် ၁၁၀၆၁၆ စီးသာ ထုတ်လုပ်နိုင်ခဲ့ပြီး ၁၁.၃၉ ရာခိုင်နှုန်းကျဆင်းလာကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံမှ အကောက်ခွန်စည်းကြပ်မှုများအပေါ် မငြိမ်သက်မှုများကြောင့် ထိုင်းနိုင်ငံ၏ ကားတင်ပို့မှုသည် ၁၃.၂၇ ရာခိုင်နှုန်းခန့်ကျဆင်းလာကြောင်း FTI ၏မော်တော်ကားထုတ်လုပ်ရေးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Surapong Paisitpattanapong က ပြောကြားခဲ့ပါသည်။ သို့ရာတွင် ပြည်တွင်း ကားရောင်းချမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ၅.၈၄ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ပြည်တွင်းလျှပ်စစ်ကားရောင်းချမှုသည် ၃၅ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ယခုနှစ်တွင် ကားအစီးရေပေါင်း ၆၀၀၀၀၀ ခန့် ရောင်းချနိုင်ရန် အခွင့်အလမ်းများရှိကြောင်း Surapong က ထပ်ပေါင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံ မော်တာကားထုတ်လုပ်ရေးစင်တာ၏ အကြီးမားဆုံးထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး Toyota နှင့် Honda ကုမ္ပဏီများအပါအဝင် တစ်ခြားကမ္ဘာ့ထိပ်သီး ကားထုတ်လုပ်သူများအတွက် တင်ပို့မှုအခြေစိုက်စခန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
Source: CNA
DOCA (ရန်ကုန်)