မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့ရှိ ကျေးရွာတချို့တွင် သဘာဝပေါက်ပင်ကထွက်ရှိသော တောထန်းမြစ် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ စျေးရရှိနေကြာင်း ဒေသခံများမှ သိရပါသည်။
သြဂုတ်လ နောက်ဆုံးအပတ်ကစပီး တူးဖော်ရောင်းချနေသော ဒေသခံတွေကို တောထန်းမြစ် အစိုတစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဝန်းကျင် ပေးပြီး အခြောက်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ အထိစျေးကောင်းပေးဝယ်နေသည်ဟု သိရသည်။
တောထန်းမြစ်တူးသူများမှာ အခြေခံလူတန်းစားများပါဝင်ပြီး တစ်ဦးလျှင် တစ်ရက် ၄ ပိဿာခန့် တူးနိုင်ကြောင်း ဒေသခံများ၃ထံမှ သိရပါသည်။ တောထန်းမြစ်ကို တရုတ်နိုင်ငံမှ ဆေးဝါးဖော်စပ်သောနေရာတွင် အသုံးပြု၍ လက်ရှိ မန္တလေးစျေးကွက်အတွင်းသို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှ တင်ပို့ကြသည်ဟု သိရပါသည်။ တောထန်းမြစ်သည် လက်ရှိဒေသခံများအတွက် လက်တလော အလုပ်လဲရငွေလဲရ ဝင်ငွေရစေသော အပင်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
DOCA(မန္တလေး)