အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

 ‌  အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၈.၉.၂၀၂၂)နှင့် ယခုအပတ် (၁၄.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၅၀၀၀ဝိ/-) ယခုအပတ်(၂၈၀၀၀ဝိ/-)ဖြစ်၍ (၃၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းနီ ယခင်အပတ် (၂၄၅၀၀ဝိ/-)ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၈၀၀၀ဝိ/-)ယခုအပတ် (၂၉၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းပြာယခင်အပတ်(၂၄၅၀၀ဝိ/-) ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ /-) အသီးသီးဈေးနှုန်းမြင့်ခဲ့ကြောင်း သိရှိရပါသည်။

   ပဲမျိုးစုံစျေးကွက်တွင် ပဲတီစိမ်း (၂၀)ပိဿာတစ်တင်းလျှင် ယခင်အပတ်(၅၁၀၀ဝိ/-) ယခုအပတ် (၅၁၀၀ဝိ/-)  ၊ကုလားပဲ(HL) ယခင်အပတ်(၆၇၀၀ဝိ/-) ယခုအပတ် (၆၇၀၀ဝိ/-) ၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၆၆၀၀ဝိ/-) ယခုအပတ် (၆၆၀၀ဝိ/-) တို့မှာဈေးနှုန်း ပြောင်းလဲ မှုမရှိဘဲ မတ်ပဲ ယခင်အပတ်(၆၄၀၀ဝိ/-) ယခုအပတ် (၆၅၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ပဲကြီး ယခင်အပတ်(၈၀၀၀ဝိ/-) ယခုအပတ်(၈၃၀၀ဝိ/-) ဖြစ်၍(၃၀၀ဝိ/-) ဈေးမြင့်ခဲ့ပါသည်။ ပဲစဉ်းငုံနီ ယခင်အပတ်(၆၅၀၀ဝိ/-)ယခုအပတ်(၆၄၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးလျော့နည်းခဲ့ပြီး၊ မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ယခင်အပတ်(၆၃၀ဝိ/-) ယခုအပတ် (၆၀၀ဝိ/-) ဖြစ်၍ (၃၀ဝိ/-) ဈေးလျော့နည်းခဲ့ပြီး၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်(၆၄၀ဝိ/-)ယခုအပတ် (၆၁၀ဝိ/-) ဖြစ်၍ (၃၀ဝိ/-) ဈေးလျော့နည်းခဲ့ပြီး၊ မြေပဲတောင့်(စို) တစ်တင်း ယခင် အပတ်(၂၅၀၀ဝိ/-) ယခုအပတ် (၂၃၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) အသီးသီးဈေးနှုန်းများလျော့နည်းခဲ့ပြီး  အရောင်းအဝယ် ပမာဏအနေဖြင့် နှမ်းဖြူ(၃၈၀)အိတ်၊ နှမ်းနီ(၄၃၀)အိတ်၊ နှမ်းပြာ(၁၂၀၀)အိတ်၊ နှမ်းနက်(စမုံ) (၁၅၀၀၀) အိတ်၊ ပဲတီစိမ်း(၄၇၀၀)အိတ်၊ ပဲစဉ်းငုံနီ(၁၃၀၀)အိတ်၊ မတ်ပဲ(၉၀၀)အိတ်၊ ကုလားပဲ(HL) (၁၅၅၀)အိတ်၊ ကုလားပဲ(မြကြေး) (၉၀၀)အိတ်၊ ပဲကြီး(၈၀၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ)(၃၀၀၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၂၂၀၀)အိတ် နှင့်မြေပဲတောင့်(အစို)(၆၀၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( မကွေး)