ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်းဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများ လုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ်ပြောင်းကိုကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် C.P.808နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၄၃၀၀) ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ စတုတ္ထပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အစေ့ထုတ်ပြောင်း တစ်တင်း လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)