
ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၈၅)ကျပ်၊ 95 Octance(၃၁၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၁၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅-၉-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ ကြောင်း သိရှိရသည်။
DOCA(မန္တလေး)