
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ ၂၀၂၅ မိုးစပါးကို ဟင်္သာတမြို့နယ်တွင် ဆင်းသုခ၊ မနောသုခ၊ GW-11 ၊ ရွှေသွယ်လေး ၊မှော်ဘီ ၃ ၊ ရက်(၉၀)၊ ရွှေဧရာ၊ ပခန်း စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၅ ခုနှစ် မေလ နောက်ဆုံးပတ်က စိုက်ပျိုးသော မိုးစပါးများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် စတင်ထွက်ရှိလာကြပါသည်။ စားသုံးသူရေးရာဦးစီး ဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၂.၉.၂၀၂၅)နေ့တွင် ၂၀၂၅ ခုနှစ်ထွက် ကောက်စောမိုးစပါး ရိတ်သိမ်းသော ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းကျေးရွာရှိ၊ တောင်သူ ဦးသက်ခင်၏ ဆင်းသုခ စပါးမျိုးစိုက်ပျိုးထားသော လယ်(၄.၀၀)ဧကသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ တစ်ဧကလျှင် ပျမ်းမျှ အစိုဓါတ် ရာခိုင်နှုန်း(၂၄-၃၀)ကြားရှိပြီး (၅၀)ပေါင် (၇၅)တင်း ပျှမ်းမျှ ထွက်ရှိကြောင်းသိရှိရပါသည်။ ကွင်းပေါက်ဈေးမှာ အစို(၅၀)ပေါင် တင်း(၁၀၀)လျှင် (၁၀ သိန်းကျပ်)ဝန်းကျင် ဈေးဖြင့် ရောင်းချရပြီး ကုန်သည်များမှ ကွင်းအရောက်ဝယ်ယူကြောင်း တောင်သူ ဦးသက်ခင်မှ ပြောကြားကြောင်း သတင်း ရရှိပါသည်။
(DOCA ဧရာဝတီ)