
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ သိသိသာသာ ကျဆင်းလျက် ရှိကြောင်း ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရသည်။ ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ် မှ အဓိက တင်သွင်းရောင်းချလျက်ရှိပြီး ယခင်ရက်များက တစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဝန်းကျင်အထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ကျပ် (၄၀၀၀) မှ (၅၀၀၀) ဝန်းကျင်အထိသာ ဈေးနှုန်းရှိကြောင်း သိရသည်။
"ရှမ်းပြည်နယ်က ဂေါ်ဖီထုပ်တွေ အများကြီးဝင်လာတော့ ဈေးကွက်ထဲမှာ ဂေါ်ဖီထုပ်တွေ ပေါနေတယ်။ အရင်က တစ်လုံးကို ၅၅၀၀ ကျပ် ဝန်းကျင် လောက်ထိ ရောင်းရတယ်။ အခုတော့ ၄၀၀၀ ကနေ ၅၀၀၀ လောက်ပဲ ရောင်းရတော့တယ်" ဟု ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူ တစ်ဦးက ပြောသည်။ ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းမှုကြောင့် ဝယ်ယူစားသုံးသူများအတွက် အဆင်ပြေစေသော်လည်း ရောင်းချသူများအတွက် အရှုံးပေါ်ကာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဧရာဝတီ(DOCA)