
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် စက်တင်ဘာလ တတိယသီတင်းပတ်မှ စ၍ ရက်ကိုးဆယ်၊ ပခန်း၊ အေဒင်၊ ဆာဘိုးသာ၊ GW-11 စသော သက်ငယ်ကောက်စော စပါးများ စတင် ထွက်ရှိလာ၍ ဈေးကွက်ဝင်ရောက်လာခါ စပါးအစို (၅၅)ပေါင်တစ်တင်းလျှင် ၁၀ သိန်းကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ အစိုဓာတ်(၁၄) ရာနှုန်း၊ ပေါင်(၅၀) စပါးတစ်တင်း လျှင် ၉ သိန်းခွဲဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဩဂုတ်လ ပထမပတ်က (၁၀၈)ပေါင်တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ဈေးရှိသော ဧည့်မထ(၁၅)မှတ် ဆန်သည် စက်တင်ဘာလ ဒုတိယပတ်တွင် ၆၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကာ ယခင် သီတင်းပတ်ထက် ၂၀၀၀ ကျပ်ကျဆင်းခဲ့ပါသည်။ ဆန်ကွဲ(2,3,4) ၁၀၈ပေါင်တစ်အိတ်လျှင် ၄၃၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ပြီး၊ ဖွဲနုပေါင် (၇၀) တစ်အိတ်လျှင် ၃၃၀၀၀ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်း ဆန်နှင့် ဆန်ထွက် ပစ္စည်းများသည် ကောက်စောစပါးပေါ်ချိန်တွင် ဈေးအေးပြီး အနည်းငယ်ကျ ဆင်းလာကြောင်း တွေ့ရှိ ရပါသည်။
(DOCA ဧရာဝတီ)