ကမ္ဘောဒီးယားနိုင်ငံသည် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စက်တင်ဘာ ၉ ရက်နေ့တွင် တရားဝင်လည်ပတ်နိုင်ရန် စတင်သတ်မှတ်

Powered by Drupal

           ကမ္ဘောဒီးယားနိုင်ငံသည် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တရားဝင်စတင်လည်ပတ်ရန်အတွက်  ၉-၉-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ထားကြောင်း ၅-၉-၂၀၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။ Cambodia Airport Investment Co., Ltd မှ ရင်းနှီးမြုပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန် လေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မှ ကီလိုမီတာ ၂၀ ခန့်အကွာ Takeo ခရိုင်တွင် တည်ဆောက်လျက်ရှိပြီး ဟက်တာ ၂,၆၀၀ ကျယ်ဝန်းသည်။ အဆိုပါ လေဆိပ်စီမံကိန်းကို ၂၀၂၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး၎င်းကို ကမ္ဘာ့အဆင့်အမြင့်ဆုံး 4F အဆင့်လေဆိပ်အဖြစ် သတ်မှတ်ထားသည်။ လေဆိပ်သစ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပုံရိပ်ကို ခေတ်မီစေပြီး သွားလာရလွယ်ကူသော နေရာတစ်ခုအဖြစ် မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပစိဖိတ်အာရှ ခရီးသွားအသင်း(ကမ္ဘောဒီးယား) ၏ ဥက္ကဋ္ဌဖြစ်သူ Thourn Sinan က ပြောကြားခဲ့သည်။ လေဆိပ်သည် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများမြှင့်တင်ပေးခြင်းနှင့် အခြေခံအဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ပေးမည်ဟု မျှော်လင့်ကြောင်းနှင့်  ခရီးသွားလုပ်ငန်းအပြင်ကဏ္ဍအသီးသီးကို မြှင့်တင်ပေးနို်ငမည့် ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးတို့ကို အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း Sinan မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

Source: Khmer Times

DOCA(ရန်ကုန်)