ထိုင်းငွေကြေးဖောင်းပွမှုသည် ၅ လဆက်တိုက် အနုတ်လက္ခဏာဆောင်

Powered by Drupal

         ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအထိ ငါးလဆက်တိုက် ကျဆင်းခဲ့ပြီး စွမ်းအင်အားနည်းမှုနှင့် စားသောက်ကုန်ဈေးနှုန်းများကို ထင်ဟပ်စေကာ  ထပ်မံ ကျဆင်းဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။ စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) သည် သြဂုတ်လတွင် ၀.၇၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Reuters မှစစ်တမ်းများတွင် ၀.၇၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထုတ်ပြန်ထား သည်။ စားသုံးသူစျေးနှုန်းညွှန်းကိန်း CPI သည် တတိယသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၀.၆၆ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်၊ နောက်ဆုံးသုံးလပတ်တွင် ၀.၂၄ ရာခိုင်နှုန်း ကျဆင်းရန် မျှော်လင့်ထားကြောင်းနှင့် တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် အနုတ်လက္ခဏာဖြစ် ကြောင်း  ဝန်ကြီးဌာန၏ ကုန်သွယ်မှုမူဝါဒရုံးမှ လက်ထောက်အကြီးအကဲ Natiya Suchinda က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမရှစ်လတွင် ပျမ်းမျှ ၀.၀၈ ရာခိုင်နှုန်း သာရှိသောကြောင့် ဝန်ကြီးဌာနသည် ၎င်း၏လက်ရှိ ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းချက်အား ၀ မှ ၁ ရာခိုင်နှုန်းအကြား ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းနှင့် အနုတ် လက္ခဏာဆောင်သည့် CPI လေ့လာသုံးသပ်မှုများလုပ်ဆောင်နေသော်လည်း အဓိကစားသုံးသူ စျေးနှုန်းများသည် မြင့်တက်နေဆဲဖြစ်ကြောင်း Natiya Suchinda က ထပ်လောင်း ပြောကြားခဲ့သည်။ မတည်ငြိမ်သောစွမ်းအင်နှင့် လတ်ဆတ်သောအစားအစာစျေးနှုန်းများမပါဝင်သည့် အဓိက CPI သည် ဩဂုတ်လတွင် ၀.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယနေ့အထိ တစ်နှစ်အတွက် အခြေခံငွေကြေးဖောင်းပွမှုသည် ပျမ်းမျှ ၀.၉၄ ရာခိုင်နှုန်းရှိသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း ထိုင်းဘဏ်သည် ၎င်း၏အဓိကအတိုးနှုန်းကို အခြေခံအချက် ၂၅ ချက်ဖြင့် စီးပွားရေးနှေးကွေးမှုကို ပံ့ပိုးရန်အတွက် သုံးနှစ်တာကာလအတွင်း အနိမ့်ဆုံး ၁.၅၀ % သို့ လျှော့ချခဲ့ကြောင်း သိရှိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)