တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုသည် ၇ လ အတွင်းတွင်တိုးတက်

Powered by Drupal

           တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၇ လအတွင်း ခရီးသွားလာမှုဆိုင်ရာ ဝန်ဆောင်မှုတိုးတက်လာခြင်းနှင့်အတူ ခိုင်မာသော တိုးတက်မှုနှုန်းကို ပြသခဲ့ကြောင်း စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်သော အချက်အလက်များအရသိရသည်။

          နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုပမာဏသည် ဤကာလအတွင်း ယွမ် ၄.၅၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၄၄.၂ ဘီလီယံခန့်) သို့ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

          ဝန်ဆောင်မှုဆိုင်ရာ ပို့ကုန်များသည် ယွမ် ၂ ထရီလီယံအထိ‌ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၅.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ဝန်ဆောင်မှုဆိုင်ရာ သွင်းကုန်များမှာ ၃.၃ ရာခိုင်နှုန်းရှိခဲ့ကာ ယွမ် ၂.၅၈ ထရီလီယံသို့ မြင့်တက်ခဲ့သောကြောင့် ယွမ် ၅၈၁.၅၆ ဘီလီယံအရှုံးပေါ်ခဲ့ပါသည်။

          ခရီးသွားလာရေးဆိုင်ရာ ဝန်ဆောင်မှုသည် ခိုင်မာသော တိုးတက်မှုကိုထိန်သိမ်းနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယွမ် ၁.၂၆ ထရီလီယံသို့ ရောက်ရှိခဲ့ပါ သည်။ အထူးသဖြင့် ပို့ကုန်များ ၆၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

          တစ်ချိန်တည်းတွင် ပညာရေးဝန်ဆောင်မှုသည် တစ်နှစ်ထက်တစ်နှစ် ၆.၈ ရာခိုင်နှုန်း တိုး တက်ခဲ့ပြီး ယွမ် ၁.၇၇ ထရီလီယံကျော်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Source : Xinhua

DOCA(ရန်ကုန်)