
ဝင်ငွေမြင့်တက်လာမှုများ၊ သက်ကြီးရွယ်အိုလူဦးရေ များပြားလာခြင်းနှင့် လူမှုနေထိုင်မှု ဆိုင်ရာရောဂါများကြောင့် ဗီယက်နမ်နိုင်ငံ၏ ဝယ်လိုအားကို တွန်းအားပေးလျက်ရှိပြီး နိုင်ငံသားတစ်ဦးချင်းအသုံးစရိတ်မြင့် တက်မှုသည် ကျန်းမားရေးအသုံးစရိတ်များကို မြှင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အခွင့်အလမ်းများကို ရှာဖွေနိုင်ရန်အတွက် ကိုရီးယားနိုင်ငံ စက်ရုံများသည် ပြည်တွင်းလက်အောက်ခံကုမ္ပဏီများကို တည်ထောက်လျက်ရှိပြီး ဗီယက်နမ်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာတရားရုံးများမှတစ်ဆင့် ကုန်ပစ္စည်းထောက်ခံပေးမှုများကို ရှာဖွေနေကြောင်း သိရပါသည်။ ကိုရီးယားနိုင်ငံမှ ဆေးဝါးနှင့်ဇီဝနည်းပညာစက်ရုံများသည် ၎င်းတို့၏ အာရုံစူးစိုက်မှုကို ဆေးဝါးစျေးကွက်လုပ်ငန်းများ၏ အလားအလာရှိသောနိုင်ငံများထဲမှတစ်ခုဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့်အတူ အရှေ့တောင်အာရှိနိုင်ငံများဘက်သို့ ကူးပြောင်းလာပြီဖြစ် ကြောင်း သိရပါသည်။ ကိုရီးယားနိုင်ငံဆေးဝါးနှင့် ဇီဝနည်းပညာ ထုတ်လုပ်သူများအဖွဲ့အစည်း၏ အဆိုအရ ဗီယက်နမ်နိုင်ငံ၏ ဆေးဝါးလုပ်ငန်း စျေးကွက်တန်းသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇ ဘီလီယံအထိ တန်ဖိုးရှိနေပြီဖြစ်ကြောင်းနှင့် ယခင်ဆယ်စုနှစ်ထက် ၇.၃ ရာခိုင်နှုန်း တိုးတက်လာမှုရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နေပြီး ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးကို အဆင့်မြှင့်တင်ရန်အတွက် နည်းပညာလဲလှယ်မှုများ ပြုလုပ်နေကြောင်း သိရပါသည်။ Celltrion စက်ရုံသည် ၎င်းတို့၏ ဗီယက်နမ်လက်အောက်ခံကုမ္ပဏီကို ၂၀၂၄ ခုနှစ်တွင် စတင်တည်1ထောင် ခဲ့ပြီး တိုးချဲ့မှုများကို ဆက်လက်ပြုလုပ်သွားလျက်ရှိကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီသည် လက်ရှိတွင် ဇွန်လနှင့် သြဂုတ်လတွင် စတင်ကြေညာခဲ့သော Remsima နှင့် Herzuma အမည်ရှိ သော ဆေးဝါးနှစ်မျိုးကို အတည်ပြုမှုရရှိခဲ့ပြီး ၂ နှစ်ကြာ ဖြန့်ဝေပိုင်ခွင့်စာချုပ်ကို ဗီယက်နမ်နိုင်ငံရှိ ဆေးရုံများနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါသည်။ တစ်ခြားသောစက်ရုံများသည် လက်ရှိ တွင် ထောက်ခံမှုများမှတစ်ဆင့် ဖြန့်ဝေမှုများပြုလုပ်နေကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် Dongwha Pharm ကုမ္ပဏီသည် ပြည်တွင်းဆေးဝါးရောင်းဝယ်ရေးကုမ္ပဏီဖြစ်သော Trung Son Pharma မှ ရှယ်ယာများကို ရယူခြင်းဖြင့် စျေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်ကတည်းကစတင်၍ ၎င်း၏ ဆိုင်ခွဲများကို ၁၄၀ ဆိုင်မှ ၂၃၉ ဆိုင် အထိ ချဲ့ထွင်လျက်ရှိပြီး ၂၀၂၆ ခုနှစ်တွင် ဆိုင်ခွဲပေါင်း ၄၆၀ အထိ ဖွင့်လှစ်နိုင်ရန် စီစဥ်ထားကြောင်း သိရပါသည်။
Source: VietnamPlus
DOCA (ရန်ကုန်)