ရေကြည်မြို့နယ်ရှိ အ.ထ.က ဇရပ်လှကျောင်းတွင် အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်/ဆက်၊ မြို့နယ် အား/ကာ အဖွဲ့များနှင့် ပူးပေါင်း၍ စက်တင်ဘာလ (၁၅)ရက် နေ့လယ် (၁) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အ.ထ.က ငါးသိုင်း ချောင်းကျောင်းတွင် ဆရာ၊ဆရာမ (၂၂)ဦး၊ ကျောင်းသား၊ကျောင်းသူ(၅၈၀)ဦးတို့အား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

  ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များကို ရှင်းလင်းဟောပြော၍ ကျောင်းသားကျောင်းသူများနှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေးအတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစား အပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့်တာဝန်များ အစရှိသည့် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး  စားသုံးသူပြည်သူများအနေနှင့် သိသင့်သိထိုက်သော ကုန်အညွှန်း အမှတ် အသားဖော်ပြထားသည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

   ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို ရည်ရွယ်၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင်ကြည့်စစ်ဆေးခဲ့ရာ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း  စေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်များပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့ကို သိရှိလိုက်နာ ဆောင် ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)