
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၇၃၅၀)ကျပ်မှ (၇၃၅၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ် ၊ သကြားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၅၅၀၀)ကျပ်အထိ စျေးနှုန်းအနည်းတည်ငြိမ်လျက်ရှိပြီး ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်သို့ စျေးနှုန်းအနည်းငယ်ခန့်ပြောင်းလဲနေပြီး အခြားသော အခြေခံစားကုန်စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။
DOCA(တနင်္သာရီ)