ထားဝယ်မြို့ရှိ စျေးကွက်အတွင်း စက်သုံးဆီစျေးနှုန်းမြင့်တက်

Powered by Drupal

   ထားဝယ်မြို့တွင်စက်သုံးဆီအရောင်းဆိုင်များမှာ(၁၂)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံး ဆီလက်လီစျေးနှုန်းများမှာ ယခင် စက်တင်ဘာလ ပထမပတ်အတွင်း ဒီဇယ်ရိုးရီုး တစ်လီတာကို (၂၆၇၀) ကျပ်၊ ဒီဇယ်ပရီမီယမ် တစ်လီတာကို (၃၂၇၅)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၃၀၇၀) ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၃၁၆၀) ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခုလ  ဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဒီဇယ်ရိုးရိုး (၂၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၀) ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၉၅) ကျပ်အထိ စျေးနှုန်းများ တက်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)