
မအူပင်မြို့နယ်၊ မင်းဘောကျေးရွာတွင် မာလကာသီး သီးနှံ စိုက်ပျိုးလျှက်ရှိသည်။ မင်းဘော ကျေးရွာသည် စပါးကို အဓိကထား စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ပျိုးသည့်အပြင် လုပ်ငန်းရှင်များက အုန်းသီး၊ ကွမ်းသီး၊ နှင့် မာလကာသီးနှံများကို မြေဧက ၁၇ ဧကပေါ်တွင် ၁ဧက စီးပွားဖြစ် စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။
မာလကာသီးနှံ စိုက်ပျိုးမှု အနေဖြင့် ကီလိုမာလကာ၊ သုံးရောင်ချယ်၊ ပန်းမာလကာ၊ အစေ့လွတ် သီးနှံများကို မြေ၁ဧကပေါ်တွင် စိုက်ပျိုးနေကြောင်းသိရသည်။ မာလကာသီး အပင်ပေါင်း ၅၀၀ ခန့်ရှိပြီး မျိုးတစ်ပင်ကို ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူပြီး ယခု မာလကာသီးနှံ ၃နှစ်သား ရှိပြီဖြစ်ကြောင်း မာလကာသီး ၁နှစ်သားတွင် အသီးစတင်သီးပြီး မာလကာပင်ကို အစားကြွေး ၊ မြေဩဇာကျွေး၊ လုပ်သားခနှင့် ၁ဧက ရင်းနှီမှု တန်ဖိုး ၂၅၀၀၀၀၀/-ကျပ် ကုန်ကြပြီး အထွက်နှုန်း အနေဖြင့် ၁ဧကလျှင် ပျမ်းမျှ ၁၀၀၀၀ခန့် ထွက်ရှိကြောင်း သိရသည်။ မာလကာသီး ထွက်ရှိမှု ကာလမှာ တစ်နှစ်အတွင်း ၆လအတွင်း ခူးယူရောင်းချရကြောင်း သိရသည်။
မာလကာသီး လက်ကားဈေးနှုန်းအနေဖြင့် အလုံး ၁၀၀ကို ယခုအခါ ၈၀၀၀၀/-ကျပ်၊ အနိမ့်ဈေး ၆၀၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မာလကာသီးနှံ စိုက်ပျိုးသူ အနေဖြင့် ၁ဧကလျှင် ငွေကျပ် ၄,၅၀၀,၀၀၀ နှစ်တစ်ပါတ်လည် အကျိုးအမြတ် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျိုတ်လတ် သစ်သီးဒိုင်နှင့် မအူပင်၊ မော်ကျွန်း၊ ဖျာပုံ သစ်သီးရောင်းချသူ များမှ လာရောက်ဝယ်ယူပြီး ပန်းတနော်မြို့ဘက်သို့ ရောင်းချကြောင်း၊ ရန်ကုန်မြို့ သစ်သီးအရောင်းအဝယ်ဒိုင်များသို့ အဓိကတင်ပို့လျှက် ရှိကြောင်း သိရှိရသည်။
DOCA (ဧရာဝတီ)