စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show ကျင်းပ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်လွင်နှင့် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့သည် လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ (၁၄:၀၀)နာရီတွင်  ကျင်းပပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါ Talk Show တွင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စတင်မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ၂၀၁၉ခုနှစ် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း၊ စီပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ စားသုံးသူအခွင့်အရေးအကြောင်း၊  ဈေးကွက်အတွင်းရှိ ကုန်စည် (သို့) ဝန်ဆောင်မှုများကို စားသုံးသူက စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ခြင်း စသည့်နည်းလမ်းများ၊ စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင်မိမိတို့၏အခွင့်အရေးကို သိရှိထားရန် လိုအပ်ကြောင်း၊ ဦးစီးဌာနမှလည်း ဈေးကွက်အတွင်းကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပျက် စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)