ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော နံနံပင်ဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ မိုးရွာသွန်းမှုများခြင်း၊ ခရီးသွားလာရေး အခက်အခဲနှင့် ဈေးကွက်သို့ ပို့ဆောင်ရောင်းချမှု အနည်းငယ် နည်းပါး လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ဈေးသည်တစ်ဦးက ဆိုသည်။ နံနံပင်သည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် မပါမဖြစ် အသုံးပြုကြပြီး ဟင်းလျာများ၏ အရသာကို ပိုမိုထင်ရှားစေကာ ကျန်းမာရေးအတွက်လည်း အဟာရဓာတ်များ ပါဝင်သော စားဖွယ်တစ်ခုဖြစ်သည်။
လက်ရှိဈေးကွက်အခြေအနေအရ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ဈေးကွက်များ တွင် နံနံပင် (၁၀)ပင်ပါသော တစ်စည်းကို လက်လီဈေးနှုန်းအနေဖြင့် ကျပ် (၃၀၀) မှ (၄၀၀) အထိ မြင့်တက်ရောင်းချနေကြောင်း သိရှိရသည်။ နံနံပင် တစ်ပိဿာလျှင် ကျပ် (၂၅,၀၀၀) မှ (၃၀,၀၀၀) အထိ ရောင်းချနေကြောင်း သိရသည်။ ယခုကဲ့သို့ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခြင်းသည် စားသုံးသူများအတွက် ဝယ်ယူစားသုံးရာတွင် အနည်းငယ် ထိခိုက်မှုရှိနိုင်သော်လည်း နံနံပင်သည် မရှိမဖြစ်လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်သဖြင့် စားသုံးသူများ ဆက်လက်ဝယ်ယူနေကြောင်း သိရပြီး မိုးရာသီအလွန် ဆောင်းရာသီ တွင် ဈေးနှုန်းကျဆင်လာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားကြပါသည်။
DOCA (ဧရာဝတီ)