
ဧရာဝတီတိုင်းဒေသကြီး၏ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ပုသိမ်မြို့နယ်အတွင်းရှိ ငါးခြောက်ဈေးကွက်သည် ယခုလက်ရှိတွင် တည်ငြိမ်ကာ အရောင်းအဝယ် သွက်လက်လျက် ရှိကြောင်း သိရသည်။ မုတ်သုန်မိုးကာလအတွင်း ပင်လယ်ပြင်အခြေအနေကြောင့် ငါးဖမ်းရန် အနည်းငယ်ခက်ခဲမှုရှိသော်လည်း ယခင်က သိုလှောင်ထားသော ကုန်ပစ္စည်းများ လုံလောက်စွာ ရှိခြင်းကြောင့် ဈေးနှုန်းများ သိသိသာသာ မြင့်တက်ခြင်းမရှိဘဲ ယခင်ဈေးနှုန်းအတိုင်းသာ အဓိကရောင်းချနေကြောင်း ဈေးသည်များက ဆိုသည်။
ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ငါးခြောက်ကုန်သည်ကြီးများထံမှ ရရှိသော သတင်းများအရ လက်ရှိ ငါးခြောက်ဈေးနှုန်းများမှာ ငါးနီတူးခြောက် (တစ်ပိဿာ) လျှင် ကျပ် ၂၂,၀၀၀ မှ ၂၆,၀၀၀ ငါးဖောင်ရိုးခြောက် (တစ်ပိဿာ)လျှင် ကျပ် ၄၅,၀၀၀ မှ ၅၅,၀၀၀ ငါးပုတ်သင်ခြောက် (လုံး) (တစ်ပိဿာ) လျှင် ကျပ် ၁၈,၀၀၀ မှ ၂၂,၀၀၀ ငါးပုတ်သင်ခြောက် (ပြား) (တစ်ပိဿာ) လျှင် ကျပ် ၂၂,၀၀၀ မှ ၂၈,၀၀၀ ငါးရောင်ခြောက် (တစ်ပိဿာ) လျှင် ကျပ် ၅၀,၀၀၀ မှ ၆၅,၀၀၀ ငါးရံ့ခြောက် (လုံး) (တစ်ပိဿာ) လျှင် ကျပ် ၇၀,၀၀၀ မှ ၈၀,၀၀၀ ငါးရံ့ခြောက် (ပြား) (တစ်ပိဿာ) လျှင် ကျပ် ၉၀,၀၀၀ မှ ၁၀၀,၀၀၀ ပုဇွန်ခြောက် (တစ်ပိဿာ) လျှင် ကျပ် ၃၀,၀၀၀ မှ ၆၅,၀၀၀ (အရည်အသွေးနှင့် အရွယ်အစားကိုလိုက်၍) တို့ဖြစ်ပါသည်။ ပုသိမ်မြို့နယ်သည် ကမ်းရိုးတန်းဒေသတွင်တည်ရှိပြီး ငါးခြောက်လုပ်ငန်း စည်ပင်သာယာ သော ဒေသဖြစ်သဖြင့် ဒေသထွက် ငါးခြောက်များကို အရည်အသွေးကောင်းမွန်စွာဖြင့် ရရှိနိုင်ခြင်းကြောင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချလျက်ရှိသည်။ မိုးရာသီအကုန်တွင် ငါးဖမ်းရေယာဉ်များ ပုံမှန်ထွက်ခွာနိုင်ပါက ငါးခြောက်ရိက္ခာများ ပိုမိုဝင်ရောက်လာကာ ဈေးနှုန်းများ ပိုမိုတည်ငြိမ်လာနိုင်ကြောင်း ကုန်သည်များက မျှော်လင့်ထားကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)