ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မြင်းခွာရွက် ပူစီနံရွက် နှင့် မုံညှင်းရွက် ဈေးနှုန်း

Powered by Drupal

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးနှင် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင် ကြာရာမှ ရာသီအလိုက် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချ လျက်ရှိရာမှ မြင်းခွာရွက်ကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော်လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး   ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချ လျက် ရှိသောမြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ မြင်းခွာရွက် (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ မြင်းခွာရွက် တစ်ပုံလျှင်(၁၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်း ကောင်း၊ ပူစီနံနံရွက် လက်တွင်းတစ်ဆုပ်စာ တစ်ပုံလျှင်(၃၀၀)ကျပ်()ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း အလားတူပင်  မုန့်ညှင်းရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ မုန့်ညှင်းရွက်()စီးလျှင် (၅၀၀)ကျပ် နှင့် မုန့်ညှင်းရွက်()စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)