ကျွန်းလှမြို့တွင် ရာသီပေါ် မြေပဲတောင့်အစို နှင့် မြေပဲပြုတ်များ ရောင်းချလျက်ရှိ

Powered by Drupal

           ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာများမှ တောင်သူများသည် နှစ်ရှည်သီးနှံများ၊ စားဖိုဆောင်သီးနှံ များအပြင် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံတို့ကို စိုက်ပျိုးရောင်းချလျက်ရှိရာမှ   ရာသီပေါ် ဆီထွက်သီးနှံဖြစ်သည့် မြေပဲတောင့်အစိုများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

              စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ဈေးကွက်များအတွင်း၌ ရောင်းချနေ‌သော မြေပဲတောင့်အစို ဈေးနှုန်းအနေဖြင့် မြေပဲတောင့်အစို တစ်ပြည့်လျှင်(၃၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၁၅၀၀)ကျပ် နှင့် မြေပဲတောင့်အစို အပြုတ် တစ်ပြည် လျှင်(၄၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင် (၂၀၀၀)ကျပ်နှင့်  နို့ဆီ(၁)ဘူးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)