ကုလားပဲ ဈေးနှုန်း ဈေးကွက်

Powered by Drupal

   ကုလားပဲများကို ဒေသတွင်းတွင် စားသုံးမှုများခြင်းနှင့် ဒေသတွင်းမုန့်ထုတ်လုပ်သူများ အများအပြားဝယ်ယူအသုံးပြုသော ပဲတစ်မျိုးဖြစ်သည်။  မအူပင်မြို့နယ်တွင်  ကုလားပဲ ရောင်းချမှု ဈေးနှုန်း အနေဖြင့် ၁ပိဿာလျှင် ၆၅၀၀ကျပ် နှင့် ရောင်းချလျက်ရှိသည်။ ကုလားပဲကို ရန်ကုန်ပဲပွဲရုံများမှ မှာယူရောင်းချပြီး ၁လလျှင် ပဲပိဿာ ၃၀အိတ်  ၁၀၀ခန့် မှာယူပြီး ကုလားပဲအိတ် ၁ပတ်လျှင် ပိဿာ ၄၀အိတ် ၁၀ခန့်  ရောင်းချရကြောင်း ပဲဈေးနှုန်းများ ဇူလိုင်လက ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ကျဆင်းလာပြီး ဇူလိုင်လ ကုလားပဲ ၁ပိဿာဈေးနှုန်းမှာ ၈၅၀၀ ကျပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ကုလားပဲဈေးနှုန်း ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကုလားပဲ ပဲမျိုးများမှာ ရေဆင်း-၈၊ ရေဆင်း-၁၁၊ ရေဆင်း-၆၊ ရွှေနီလုံးကြီး၊ မြကြေး၊ ကရာချိ၊ ကုလားပဲဖြူလုံးကြီး (V2, V3, V7, V9, 929, ထိုင်ဝမ်)၊ စသည်တို့ ဖြစ်ကြပြီး ရောင်းဝယ်ရာတွင် ကုလားပဲ ဝါ၊ ကုလားပဲဖြူ၊ ကုလားပဲဖြူလုံးကြီး၊ AQ, SQ စသည်ဖြင့် လည်းကောင်း၊ အလုံးလိုက်နှင့် အခွံချွတ် အခြမ်းအဖြစ် လည်းကောင်း ရောင်းဝယ်ကြသည်။ ကုလားပဲ အစိမ်းမှုန့်၊ အကျက်မှုန့်များအဖြစ် ပြုပြင်ထုတ်လုပ် ရောင်းဝယ်ကြ သည်လည်း ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)