ချောက်ခရိုင်(ချောက်/ရေနံချောင်း) ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း  ဖွဲ့စည်းပြီး သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

Powered by Drupal

            မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းချက်အရ ချောက်ခရိုင် (‌ချောက်/ရေနံချောင်း) ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနေလင်း‌အောင်၊ အတွင်းရေးမှူး ဦးဇော်ထွေး တို့မှ ကြီးကြပ်၍ (၁၂.၉.၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီတွင် ဥက္ကဌ(၁)ဦး၊ ဒု-ဥက္ကဌ(၂)ဦး၊ အတွင်းရေးမှူး(၁)ဦး၊ တွဲဖက်အတွင်းရေးမှူး(၂)ဦး၊ ဘဏ္ဍာရေးမှူး(၁)ဦး၊ စာရင်းစစ်(၁)ဦး၊ အဖွဲ့ဝင်(၄)ဦး၊ စုစုပေါင်း(၁၂)ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။

            ချောက်ခရိုင်(ချောက်/ရေနံချောင်း) ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ချောက်/ရေနံချောင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို ဈေးကားများဖြင့်လှည့်လည်၍ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများကို (၁၇.၈.၂၀၂၂)ရက်နေ့မှစ၍ ရောင်းချခဲ့ရာ ဆီပေပါ(၁၈၀)ကို ရောင်းချပြီး ဖြစ်ကြောင်း သိရှိရပါသည်။