
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာ ကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ကန်စွန်းဥကို စားသုံးသူများနှင့် မုန့်လုပ်သူများက ဝယ်ယူလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများ နှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကန်စွန်းဥဈေးနှုန်း မြင့်တက်လာကြောင်း ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)