ကမ္ဘောဒီးယား-ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး ဆက်ဆံမှု ပိုမိုအားကောင်းလာရန် ယာယီနိုင်ငံတော် အကြီးအကဲ မျှော်လင့်

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံတော် အကြီးအကဲ Hun Sen က ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့သည် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော် အလည်အပတ် ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ Ferdinand Romualdez Marcos Jr. နှင့် Hun Sen တို့ ၉-၉-၂၀၂၅ ရက်နေ့၊ နံနက်က ငြိမ်းချမ်းရေးနန်းတော်၌ ထိပ်သီးတွေ့ဆုံမှုတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အထက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ Chea Thyrith က ပြောသည်။ အဆိုပါ အခမ်းအနားတွင် Hun Sen သည် Marcos Jr. နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့အား နှုတ်ခွန်းဆက်စကား ပြောကြားပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ကုန်သွယ်မှုနှင့်ခရီးသွားလုပ်ငန်းတွင် ချဲ့ထွင်နိုင်မည်ဟု အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကို ၉-၉-၂၀၂၅  ရက်နေ့တွင် စတင်းဖွင့်လှစ် အသုံးပြုမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ခရီးသွားများ တိုးပွားလာစေရန် ဝင်ပေါက်တစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း Hun Sen  က မှတ်ချက်ပြုခဲ့သည်။ Marcos Jr လေဆိပ်သစ်သည် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးရုံ သာမက ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ပြည်သူများအကြား ပိုမိုခိုင်မာသော ချိတ်ဆက်မှုကိုလည်း မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံမှုအတွင်း ဟွန်ဆန်က လက်ရှိ ကမ္ဘောဒီးယား-ထိုင်းနယ်စပ် တင်းမာမှုများအကြောင်း Marcos Jr ကို ရှင်းလင်းပြောကြားခဲ့ပြီး နယ်စပ်ပဋိပက္ခအတွက် ငြိမ်းချမ်းစွာဖြေရှင်းနည်းများ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ဖိလစ်ပိုင်နိုင်ငံမှ ပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

Source: Khmer Times

DOCA(ရန်ကုန်)