၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြန့်‌‌ဝေမှု အမေရိကန်ဒေါ်လာ ၁၅.၄ ဘီလီယံ ရရှိခဲ့သည့်ဗီယက်နမ်

Powered by Drupal

           ဇန်နဝါရီ-ဩဂုတ် ကာလတွင် ဗီယက်နမ်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ဖြန့်ဝေမှု အမေရိကန် ၁၅.၄ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းရုံး(NSO) ၏ အဆိုအရ သိရပါသည်။ ၎င်းသည် ၅ နှစ်တာကာလအတွင်း အမြင့်ဆုံး ၈ လတာကာလရရှိမှုဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်းပမာဏထဲမှ ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍသည် အမေရိကန် ဒေါ်လာ ၁၂.၅၇ ဘီလီယံဖြင့် အမြင့်မားဆုံး ‌ဝေစုရရှိခဲ့ပြီး စုစုပေါင်း FDI ဖြန့်‌ဝေမှုရရှိမှု၏ ၈၁.၆ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ၎င်း၏နောက်တွင် အိမ်ရာမြေကဏ္ဍက အမေရိကန်ဒေါ်လာ ၁.၂၄ ဘီလီယံ( ၈ ရာခိုင်နှုန်း) နှင့် လျှပ်စစ်၊ ဂတ်စ်၊ ရေထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့က အမေရိကန်ဒေါ်လာ ၅၆၃.၆ သန်း( ၃.၇ ရာခိုင်နှုန်း) ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ NSO ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၆.၁၄ ဘီလီယံတန်ဖိုးရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၇.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း စုစုပေါင်း မှတ်ပုံတင်ခဲ့သည့် FDI ထဲမှ လိုင်စင်သစ်ချပေးသည့်စီမံကိန်း ၂၅၃၄ ခုမှာ အမေရိကန်ဒေါ်လာ ၁၁.၀၃ ဘီလီယံ၊ မတည်ငွေထပ်တိုးခြင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၆၅ ဘီလီယံနှင့် မတည်ငွေတွင် ပူးပေါင်းပါဝင်ခြင်းနှင့် ရှယ်ယာဝယ်ယူခြင်းမှာ အမေရိကန်ဒေါ်လာ ၄.၄၆ ဘီလီယံရှိကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြုင်ထုတ်လုပ်ခြင်း လုပ်ငန်းနယ်ပယ်မှာ အမေရိကန်ဒေါ်လာ ၁၃.၆၄ ဘီလီယံဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး စုစုပေါင်း တန်ဖိုး၏ ၅၉.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ၎င်း၏နောက်တွင်အိမ်ရာမြေ ကဏ္ဍက စုစုပေါင်းတန်ဖိုး၏ ၂၁.၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုကာလအတွင်း လိုင်စင်သစ်ချပေးခဲ့သည့် နိုင်ငံနှင့်ဒေသပေါင်း ၇၈ ခုအနက် စင်ကာပူသည် အမေရိကန်ဒေါ်လာ ၃.၀၆ ဘီလီယံဖြင့် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ်ရပ်တည်နေပြီး ၎င်း၏နောက်တွင် တရုတ်က အမေရိကန် ဒေါ်လာ ၂.၆၅ ဘီလီယံ၊ ဆွီဒင်ကအမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ဂျပန်က အမေရိကန်ဒေါ်လာ ၈၇၈ သန်းဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ထို ၈ လတာ ကာလအတွင်း ဗီယက်နမ်၏ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၂၆.၅ သန်းတန်ဖိုးဖြင့် စီမံကိန်းအသစ်အရေအတွက် ၁၀၈ ခုရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃ ဆ နီးပါး မြင့်တက်ခဲ့ကြောင်း သိရပါသည်။  တည်ရှိပြီးစီမံကိန်း ၂၁ ခုတွင် မတည်ငွေပြင်ဆင်မှုမှာ ထပ်တိုးအမေရိကန်ဒေါ်လာ ၁၂၉.၇ သန်းတန်ဖိုးရှိကြောင်း သိရှိရပါသည်။

 

Vietnam Plus

DOCA (ရန်ကုန်)