
အင်ဒိုနီးရှားစက်မှုဝန်ကြီး Agus Gumiwang Kartasamita က ပြည်တွင်းထုတ်လုပ်မှု အားကောင်းရန်နှင့် လက်မှုပညာသည်များကို ပံ့ပိုးပေးရန်အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းစင်တာကွန်ယက်များတိုးချဲ့ရန် ဘာလီပြည်နယ်အစိုးရအား စက်တင်ဘာလ ၆ ရက်နေ့က တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Taman Budaya Art Center တွင် ကျင်းပပြုလုပ်သည့် IKM Bali Bangkit ပြပွဲတွင် ဝန်ကြီးက ဘာလီတွင် လတ်တလော ငွေထည်စင်တာနှင့် ဝါးထုတ်ကုန် စင်တာတို့ပါဝင်သည့် IKM စင်တာ ၄ ခုပိုင်ဆိုင်ထားကြောင်း၊ ၎င်းတို့သည် အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်း IKM စင်တာများစွာတည်ထောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘာလီတွင် ၄ ခုရှိသည်ကိုနားလည် သော်လည်း အုပ်ချုပ်ရေးမှူး Wayan Koster က ထပ်တိုးစင်တာများအတွက် ပြင်ဆင်မှုစတင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက အသေးစားလုပ်ငန်းရှင်များသည် ပိုမိုကြီးမား သည့် ပံ့ပိုးမှုလိုအပ်ကြောင်း အထူးသဖြင့် ဘဏ္ဍာရေး၊ ဈေးကွက်ရောက်ရှိမှုနှင့် တပ်ဆင်သည့် စက်ပစ္စည်းများခေတ်မီရေးတို့တွင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့် ထုတ်ကုန်အရည်အသွေးတိုးတက်ခြင်းသည် အင်ဒိုနီးရှား၏စီးပွားရေးတွင် အလွန်အရေးပါသည့် ကဏ္ဍတွင်ရှိနေသည့် IKM ကဏ္ဍကြီးထွားမှုအတွက် အရေးပါကြောင်း သိရပါသည်။ ကျယ်ပြန့် သောဒေသလက်မှုပစ္စည်းများပါဝင်ပြသခဲ့သည့် Bali Bangkit ပြပွဲသို့လည်ပတ်မှုအတွင်း ဝန်ကြီး သည် ပန်းချီများ၊ လက်ဝတ်ရတနာများနှင့် အခြားလက်လုပ်ထုတ်ကုန်များပါဝင်သည့် များစွာ သောပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးသည် အရည်အသွေးမြင့် ကုန်ပစ္စည်း များ အရောင်းမြှင့်တင်ရန် ဒေသဆိုင်ရာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အမွှမ်းတင် ပြောကြားခဲ့ပြီး ထိုကနဦးဆောင်ရွက်မှုများသည် ဘာလီထုတ်ကုန်များ၏ပုံရိပ်ကိုမြှင့်တင်ရန် ကူညီပေးနိုင်ပြီး ကျယ်ပြန့်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပူးပေါင်းပါဝင်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးနှင့် ၎င်း၏ဇနီးသည် လည်ပတ်မှုအတွင်း အဝါရောင်အင်ဒိုနီးရှား endek အဝတ်အထည်၊ များစွားသောလက်ဝတ်ရတနာများနှင့် လက်မှုပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)