
တောင်ငူမြို့ရှိ ညောင်ပင်လေးဈေးသည် ဟင်းသီးဟင်းရွက်၊ အသီးအနှံနှင့် အသား/ငါးများ လက်လီ/လက်ကား ရောင်းချသည့်ဈေးဖြစ်သည့်အပြင် ဈေးအတွင်းရှိ ငှက်ပျောသီးနှင့် အုန်းသီးများ ရောင်းချလျက်ရှိသည်။ မြန်မာ့ဓလေ့ထုံတမ်းအစဉ်အလာအရ ဝါဝင်/ဝါထွက် နတ်တင်သည့်ဓလေ့ရှိ သည့်အတွက် ငှက်ပျောသီးနှင့် အုန်းသီးမှာ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်သလို ဈေးနှုန်း များမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ငှက်ပျောသီး အသေး၊ အလတ်၊ အကြီး (၃) မျိုးခွဲခြားပြီး ရောင်းချရာတွင် အသေး (၁)ဖီး ၁၅၀၀ ကျပ် ၊ (၃)ဖီး ၄၀၀၀ ကျပ်၊ အလတ် (၁) ဖီး ၂၀၀၀ ကျပ်၊ (၃) ဖီး ၅၅၀၀ ကျပ်၊ အကြီး (၁) ဖီး ၂၅၀၀ ကျပ် ၊ (၃) ဖီး ၇၀၀၀ ကျပ် အသီးသီးရှိပြီး ဖီးကြမ်းငှက်ပျော (၁) ဖီး ၂၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် ၊ သီးမွှေးငှက်ပျော (၁) ဖီး ၄၀၀၀ ကျပ် မှ ၆၀၀၀ ကျပ် အထိဈေးနှုန်းမြှင့်လျက်ရှိသော်လည်း အရောင်း အဝယ်သွက်လျက်ရှိသည်။ အုန်းသီးဈေးနှုန်းအနေဖြင့် ဘုရားပွဲတင် ကြွက်မြီးအုန်းသီး မှာ (၁) လုံး ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်၊ အုန်းသီးခြောက် မှာ (၁) လုံး ၂၀၀၀ ကျပ် ၊ ၃၀၀၀ ကျပ် အသီးသီးရှိပြီး အုန်းသီး ဝယ်ယူရာတွင် အပင်ပြတ်ဝယ်ယူပါက အုန်းသီးခြောက်နှင့် ကြွက်မြီးကောင်း /မကောင်းသည်ကို ဆိုင်ရောက်မှခွဲရသဖြင့် သောင်းပြောင်းကို (၁) လုံး ၁၅၀၀ ကျပ်သာ ပေးရကြောင်း အုန်းသီး လက်လီ/ လက်ကား ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။
DOCA(ပဲခူး)