
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ ကုန်စိမ်းသီးနှံ ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်းမြို့ဒေသထွက် အာလူးများဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေး လိုက်၍ အာလူး(အလုံးကြီး) တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ (အလုံးသေး) တစ်ပိဿာလျှင် ကျပ် (၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် အာလူး(အလုံးကြီး) တစ် ပိဿာလျှင် ကျပ်(၅၅၀၀)၊ (အလုံးသေး)တစ်ပိဿာလျှင် ကျပ်(၄၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အာလူးတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ မင်းလှမြို့နယ်အတွင်း ကုလားပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ကြက်သွန်နီနှင့် အခြားစားဖိုဆောင်သုံးသီးနှံများ စိုက်ပျိုးမှုရှိသော်လည်း အာလူးသီးနှံမှာ စိုက်ပျိုးမှုမရှိသည့်အတွက် အာလူးစိုက်ပျိုး ထွက်ရှိရာ စလင်း(ဆင်ဖြူကျွန်း)နှင့် ရှမ်းပြည်နယ်မှ မှာယူရောင်းချရပြီး ဒေသတွင်းထွက်ရှိချိန် မဟုတ်သည့်အပြင် ရှမ်းပြည်နယ်တွင်လည်း စိုက်ပျိုးချိန်ဖြစ်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိ သည့်အတွက် အာလူးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
DOCA(မကွေး)