အထက်မင်းလှမြို့၏ သံပုရာသီးဈေးနှုန်းအခြေအနေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သံပုရာသီးကို မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးတစ်ဝိုက်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီတော စသည့် ကျေးရွာများမှ အိမ်ခြံဝိုင်းများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး ရောင်းချကြသလို မင်းဘူး၊ မကွေး၊ တောင်တွင်းကြီးနှင့် သရက်မြို့တို့မှလည်း မှာယူရောင်းချကြောင်း သိရသည်။

   သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး အသီးသီးချိန်၌ တစ်ပင်လျှင်ပျမ်းမျှအလုံးရေ(၈၀-၁၀၀)အထိ ထွက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် သံပုရာသီး(၁၀)လုံးလျှင် (အလုံးအကြီး၊ အသေး)ပေါ်မူတည်၍  ကျပ်(၅၀၀-၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဩဂုတ်လ (ဒုတိယပတ်)တွင် ကျပ်(၇၀၀-၁၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ သံပုရာသီးများ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဈေးနှုန်းမှာကျဆင်းလာပြီး ကျောင်းဖွင့် ရာသီဖြစ်သည့်အတွက် ဖျော်ရည်ဆိုင်များ၊ အသုပ်ဆိုင်များမှလည်း ဝယ်ယူမှုများလျက်ရှိသည့်အတွက် အရောင်းအဝယ်မှာသွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)