
မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းများ မှာ စက်တင်ဘာလ ဒုတိယပတ်တွင် မော်လမြိုင် အညိုသီး (အသန့်) တစ်ပိဿာလျှင် ၁၉၅၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) တစ်ပိဿာလျှင် ၂၀၅၀၀ ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၂၅၀၀ ကျပ်ဖြစ်သည်။
ယခင် ဩဂုတ်လနောက်ဆုံးပတ်တွင် မော်လမြိုင် အညိုသီး (အသန့်) တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကျဆင်းလာကြောင်း ကွမ်းသီးရောင်းဝယ်သူများထံမှ သိရှိရပါသည်။
DOCA(မွန်)