မော်လမြိုင်မြို့၏ စက်တင်ဘာလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     မော်လမြိုင်မြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု စက်တင်ဘာဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၆၅၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၂၆၀) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာလျှင် (၃၀၃၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၃၁၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခင် ဩဂုတ်နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၆၂၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၂၃၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀၂၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၁၁၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် ဩဂုတ်နောက်ဆုံးအပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ယခု စက်တင်ဘာဒုတိယအပတ်တွင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၀) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာလျှင် (၁၀) ကျပ် ဈေးနှုန်းတက် လျှက်ရှိပြီး ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၅) ကျပ် ဈေးနှုန်းကျဆင်းလျှက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

DOCA (မွန်)