ထောပတ်‌ဈေးကွက်

Powered by Drupal

     ထောပတ်မျိုးစိပ်များစွာထဲမှာမှ Hassထောပတ်သီးသည် နိုင်ငံခြားကိုင်းဆက်သီးဖြစ်ပြီး ထောပတ်ဘုရင်ဆိုပြီး တင်စားလောက်အောင်အရသာမှာဆိမ့်ပြီး နူးညံ့အိစက်စားကောင်းပါသည်။အလုံးအရွယ်အစားမှာ ပုံမှန်ဒေသထောပတ်သီးထပ်သေးပါသည်။ အစေ့သေးပြီး အသားပြည့်ပါသည်။အမျှင်မပါပဲစားလို့ အဆင်ပြေကြ၍ ယခုဈေးကွက်ထဲတွင် ရောင်းအားကောင်းလျက်ရှိပါသည်။ကိုင်း ဆက်သီးမို့kgဖြင့်ရောင်းချလျက်ရှိပါသည်။ဈေးနူန်းသည်အရွယ်အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုး ရှိပါသည်။

    ယခုဧရာဝတီတိုင်းပုသိမ်မြို့ရှိဈေးထဲနှင့်သစ်သီးဆိုင်များတွင်ရောင်းချလျက်ရှိသောဈေးနှုန်းများမှာBabyhassဆိုသည့်အသေးလေးတွေကို 1kg ၄၀၀၀ကျပ်/ ၁၄လုံးဝန်ရပြီး Premium size 1kg ၇၀၀၀ကျပ် /၁၀လုံးဝန်ကျင်ရပါသည်။ Grade A size1kg ၁၀၀၀၀ကျပ်ထိ ရောင်းလျက်ရှိပါသည်/ ၆လုံးဝန်ကျင်ရပါသည်။ယခုအချိန်တွင် hassထောပတ်များကို onlineဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိနေပါသည်။1k တွင် အလေးချိန်ကျပ်သား ၆၀ကျပ်သားဝန်းကျင်ဖြစ်ပါသည်။  ထောပတ်သီးသည် ကျန်မာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါသည်။hassထောပတ်များကို ရှမ်းပြည်နယ်ရှိ ထောပတ်ခြံများမှတိုက်ရိုက်ဝယ်ယူရောင်းချသည်ဟု သိရပါသည်။

 

( DOCA ဧရာဝတီ)