“ငွေကမ္ဘာ”ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်နှင့် ဝန်ထမ်း(၁)ဦးသည် စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျွန်းလှမြို့ ပိတောက်မြိုင်ရပ်ကွက်ရှိ “ငွေကမ္ဘာ” ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူ၏အခွင့်အရေးများ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ မြန်မာလိုဖော်ပြရမည့် အချက်အလက်များ၊ မဖြစ်မနေ ဖေါ်ပြရမည့် အချက်အလက်များအား လုပ်ငန်းရှင်များ သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။

   ဆက်လက်ပြီး ကိတ်မုန့်လုပ်ငန်းရှင်အား ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်း အမှတ် အသား ဖေါ်ပြရာတွင် ပါဝင်သောကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံ သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖေါ်ပြချက်၊ ပါဝင်ပစ္စည်းတို့အား အသေးစိတ်ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့်ပတ်သက်၍ အတည်ပြုချက်ရယူလိုပါက မိမိတို့ဌာနမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)