ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ရုံးပတီးသီးဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာ ပြီးရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရုံးပတီသီး(၁၀) ကျပ်သားလျှင် (၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရုံးပတီသီးများ ဝင်ရောက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)