
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီစာအသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် သလဲသီးနှင့် ရှောက်ပန်းသီးများ လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ သလဲသီးပင်နှင့် ရှောက်ပန်းသီးပင်များကို ကန့်ဘလူမြို့ပေါ် ရပ်ကွက်များနှင့်နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့်ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင် ဘာလ ဒုတိယပတ်တွင် ရောင်းချသော သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင် (၁၀၀၀) ကျပ်၊ အသေး(၁)လုံးလျှင်(၅၀၀)ကျပ်၊ ရှောက်ပန်းသီးအကြီး(၁)လုံးလျှင်(၂၅၀၀)ကျပ်နှင့် အသေး (၁)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)