
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီစာအသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင်ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ မာလကာသီးအကြီး(၁)လုံးလျှင်(၇၀၀)ကျပ်၊ (၃)လုံးလျှင်(၂၀၀၀)ကျပ်၊ အသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)