
မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့ မြေပဲနှင့် နှမ်းမှာ ပြည်ပသို့တင်ပို့သည့် ကုန်စည်အမယ်များ ဖြစ်ပါသည်။ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့်နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုလျက်ရှိပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ၁၆၀၀ဝိ/-နှင့် ၁၆၅၀ဝိ/-၊နှမ်းဆီ ၁၂၅၀ဝိ/-နှင့်၁၃၀၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၃၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၅၀ဝိ/- နှင့် ၅၆၀ဝိ/-၊နှမ်းဖတ် ၃၃၀ဝိ/-နှင့်၃၃၅ဝိ/-၊နေကြာဖတ် ၂၇၀၀ကျပ်နှင့်၂၈၀ဝိ/-၊ပန်းနှမ်းဖတ်၂၇၀၀ကျပ်နှင့်မုန်ညင်းဖတ် ၂၇၀၀ကျပ် တို့ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)