ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသော ကွမ်းရွက် ဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာတွင် ကွမ်းပင်များကို တစ်နိင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေ ကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ်များတွင် စိုက်ပျိုးကြပြီး စိုက်ပျိုးသည့် အမျိုးအစားများမှာ ဧရာဝတီကွမ်း နှင့် ကွမ်းနုဝါမျိုးတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကွမ်းရွက် ဈေးနှုန်း အနေ ဖြင့် ကွမ်းဒိုင်သွင်းဈေး ကွမ်းနုဝါ တစ်ပိဿာလျှင်(၃၀၀၀)ကျပ် နှင့် ဧရာဝတီကွမ်းရွက် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် သွင်းရပြီး ကွမ်းဒိုင်မှ ရောင်းချသည့် ဈေးနှုန်းများမှာ ကွမ်းနုဝါ ကွမ်းရွက် တစ်ပိဿာလျှင်(၆၅၀၀)ကျပ်နှင့် ဧရာဝတီကွမ်း တစ်ပိဿာလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ဆောင်းရာသီမှသာ ကွမ်းရွက်ဈေးကောင်းရရှိကြောင်း ကွမ်းပင်စိုက်ပျိုးသည့် တောင်သူထံမှ သိရသည်။

DOCA(စစ်ကိုင်း)