ဘာစမာတီမဟုတ်သောဆန်တင်ပို့မှု မဖြစ်မနေ မှတ်ပုံတင်ရန် အိန္ဒိယအစိုးရ အမိန့်ထုတ်ပြန်

Powered by Drupal

     ဘာစမာတီမဟုတ်သောဆန်များကို ပြည်ပသို့တင်ပို့ရာတွင် အကောက်ခွန်ဌာနထံမှ ခွင့်ပြုချက်မရယူမီ ဆန်တင်ပို့မှု အရောင်းအဝယ်စာချုပ်များကို လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) ထံ၌ မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

    စက်တင်ဘာ ၂၄ ရက်နေ့၌ အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၂၅-၂၆ တွင် ဘာစမာတီမဟုတ်သော ဆန်များ ပြည်ပသို့ တင်ပို့မှုနှင့် စပ်လျဉ်း၍ မူဝါဒအသစ် ထပ်တိုးလျက် ပြင်ဆင်ခြင်းဖြစ်ပြီး APEDA အာဏာပိုင်ထံ၌ စာချုပ်များ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခုအမိန့်သည် လက်ငင်း အာဏာသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

     အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ရောင်းလိုအား တည်ငြိမ်မှုရှိစေရေးအတွက် ဘာစမာတီ မဟုတ်သောဆန်ဖြူ တင်ပို့မှုကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်၍ ပိတ်ပင်တားမြစ်ထားရာမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Source: Informist Media, 24 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)