တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစေ့စျေးအနည်းငယ်ကျလျက်ရှိ

Powered by Drupal

          ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး ယခု စက်တင်ဘာ ၂၂ ရက်တွင် ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (၈၀၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၈၀၀ဝိ/-) နှုန်းစျေးပေါက် နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၈၀၀၀ ကျပ် ရှိကြောင်းစုံစမ်းသိရှိရပါသည်။

          ကွမ်းသီးစျေးနှင့် သီဟိုစေ့စျေး (၂)မျိုးလုံးမှာ  စျေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိ၍  အရောင်းအဝယ် မှာ အနည်းငယ်အေးလျက်ရှိနေကြောင်း သိရှိရပါသည်။

 DOCA(တနင်္သာရီ)