
မြန်မာနိုင်ငံ၏ နာမည်ကျော် ငါးဖမ်းကျေးရွာဒေသဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသအတွင်း တည်ရှိပြီး စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း များကို အဓိကလုပ်ကိုင်ကြသည်။ ဒေသတွင်းတွင် ပဲစဉ်းငုံသီးနှံကို စိုက်ပျိုးမှု အနည်းငယ်ရှိသော် လည်း ဒေသ၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အခြားဒေသများမှ အဓိကတင်ပို့ရောင်းချလေ့ ရှိသည်။
ဟင်္သာတမြို့နယ်အတွင်း ရောင်းဝယ်ဖြစ်နေသော ပဲစဉ်းငုံများသည် အများအားဖြင့် အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများမှ တင်ပို့လာခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၇၉၀၀၀) ကျပ် ခန့်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၆၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ပဲစဉ်းငုံနီ(၁)တင်း လျှင် (၈၁၀၀၀)ကျပ်ခန့်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၈၀၀၀)ကျပ်ခန့်ဖြင့် ရောင်းဝယ်နေကြောင်း ဒေသတွင်း ကုန်စည်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။ ဈေးနှုန်းအနည်းငယ်မြင့် တက်ရခြင်းမှာ ပို့ကုန်တင်ပို့မှုများပြားခြင်းနှင့် ဒေသတွင်းသို့ ရောက်ရှိလာသော ကုန်ပစ္စည်း ပမာဏ အနည်းငယ်လျော့နည်းခြင်းကြောင့်ဟု ယူဆရကြောင်း သိရသည်။ ဟင်္သာတမြို့နယ်ရှိ ပဲစဉ်းငုံများကို မြို့နယ်အတွင်းရှိ ဈေးများနှင့် ကုန်စည်ဆိုင်ကြီးများတွင် အဓိကရောင်းချလေ့ရှိကြောင်း သိရှိရသည်။
DOCA (ဧရာဝတီ)