ကမ္ဘောဒီးယားပြည်သူများ ထိုင်းထုတ်ကုန်များအား သပိတ်မှောက်ခြင်းသည် ပြည်တွင်းဈေးကွက် အတွက် အခွင့်အလမ်းဖြစ်ကြောင်း MAFF ဝန်ကြီး Im Rachana ပြောကြား

Powered by Drupal

          ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တွင် ဖြစ်ပွားနေသည့် နယ်စပ် ပဋိပက္ခများအတွင်း ထိုင်းထုတ်ကုန်များကို အများပြည်သူသပိတ်မှောက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ဒေသတွင်း စားသုံမှုကို လှုံ့ဆော်ပေးခဲ့ပြီး အမျိုးသားစာနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေခဲ့ကြောင်း MAFF မှ နိုင်ငံခြားရေးဝန်ကြီး Im Rachana က ပြောကြားခဲ့သည်။ Im Rachana က စိတ်ဓာတ်များ တွန်းအားပေးသော သပိတ်မှောက်မှုသည် အထူးသဖြင့် ငါးလုပ်ငန်းနှင့် လယ်ယာထွက် ကုန်ပစ္စည်းများတွင် ပြည်တွင်းဈေးကွက်ကြီးထွားမှုအတွက် အထောက်အကူဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားပြည်သူများသည် ယခုအခါ ပြည်တွင်းထုတ်ကုန်များကို အသုံးပြုနေကြကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန်များ ပိုလျှံနေပြီး စားနပ်ရိက္ခာလုံလောက်မှုရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအတွင်း တွင် မိတ်ကပ်ပစ္စည်းနှင့် ရေထွက်ကုန်ပစ္စည်းများကဲ့သို့သော အထူးထုတ်ကုန်များအတွက် ကမ္ဘောဒီးယား၏ ပို့ကုန်အလားအလာကို  တွန်းအားပေးရန် အခွင့်အလမ်းတစ်ခုအဖြစ် ထင်မြင် ကြောင်း Im Rachana က ဆက်လက်ပြောကြားခဲ့သည်။

DOCA( ရန်ကုန်)