
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation Plus) အစည်းအဝေးအတွင်း ပြုလုပ်ခဲ့သောကတိကဝတ်များကိုအခြေခံကာ နှစ်နိုင်ငံခေါင်းဆောင်များ ၏ မဟာဗျူဟာအမြင်နှင့်အညီ ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် တရုတ်နိုင်ငံ အခြေစိုက် ပို့ကုန်-သွင်းကုန်ဘဏ် (CEXIM) က ကတိပြုခဲ့သည်။ ကမ္ဘောဒီးယား ဖွံ့ဖြိုး တိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ (၁) Chanthol နှင့် CEXIM ဥက္ကဋ္ဌ Chen Huaiyu တို့ ၉-၉-၂၀၂၅ ရက်နေ့တွင် Fujian ပြည်နယ်ရှိ Belt and Road နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး အိတ်ချိန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ Chen သည် Belt and Road Initiative (BRI) အောက်တွင် ကမ္ဘောဒီးယား၏ မြင်သာထင်သာသော တိုးတက်မှုကို တင်ပြခြင်းအား ချီးကျုးခဲ့ပြီး Chanthol ၏ မှတ်ချက်သည် နိုင်ငံတော်၏စီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒေသတွင်းဈေးကွက်များနှင့် ချိတ်ဆက်မှုအသွင်ပြောင်းရန် မျှော်လင့်ထားသည့် Funan Techo အပါအဝင် အထင်ကရစီမံကိန်းများကို ပံ့ပိုးရာတွင် CEXIM ၏အခန်းကဏ္ဍကို ဆက်လက် ပြောကြားခဲ့သည်။ Chanthol က ကမ္ဘောဒီးယားနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ကာလရှည်ကြာ ပံ့ပိုးပေးခဲ့သော တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ CEXIM၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်နှင့် တရုတ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်ကုမ္ပဏီများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ အခြေခံအဆောက်အအုံနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအထိ ကဏ္ဍများစွာတွင် ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများကို လွှမ်းမိုးထားကြောင်း Heng က မှတ်ချက်ပြုခဲ့သည်။
DOCA(ရန်ကုန်)