
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် Vietnam International Sourcing Expo 2025 သို့ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အထွေထွေကုန်သွယ်မှု မြှင့်တင်ရေးညွှန်ကြားရေးမှူးချုပ် Kith Pheara က ကမ္ဘောဒီးယား ကုန်သွယ်မှုကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်ပြီး တက်ရောက်ခဲ့သည်။ ၁၀-၉-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ ကိုယ်စားလှယ်အဖွဲ့တွင် အစားအသောက် ပြုပြင်ခြင်းလုပ်ငန်း၊ စီးပွားရေးဝန်ဆောင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကို ကိုယ်စားပြုသည့် ကမ္ဘောဒီးယား လုပ်ငန်းရှင် ၁၂ ဦး ပါဝင်ခဲ့သည်။ ခရီးစဉ်အတွင်း ကမ္ဘောဒီးယား ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၉ ကြိမ်မြောက် ဗီယက်နမ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ ဖွင့်ပွဲနှင့် ၁၉ ကြိမ်မြောက် နိုင်ငံတကာခရီးသွား ပြပွဲ အပါအဝင် အဓိက လုပ်ဆောင်ချက် အများအပြားတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့ သည် Saigon Exhibition and Convention Center (SECC) ၌ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ဝန်ဆောင်မှုဆိုင်ရာ ကုန်စည်ပြပွဲများနှင့် ပြပွဲများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။ Vietnam International Sourcing Expo 2025 တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်း ၄၀၀ ကျော်အပါအဝင် နိုင်ငံပေါင်း ၂၀ မှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု ၁၂,၀၀၀ ကျော်ကို ပြသထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံပေါင်း ၆၀ မှ ကိုယ်စားလှယ် ၄၅၀ ဦးကျော်ကို တက်ရောက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များ ချိတ်ဆက်မှုများ အားကောင်းစေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကုန်သွယ်မှုကွန်ရက်များ ချဲ့ထွင်ခြင်းနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အဆင့်နှစ်ရပ်စလုံးတွင် ပေါ်ထွက်နေသော ခရီးသွားနေရာများကို စူးစမ်းလေ့လာရန် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း MoC မှ ထုတ်ပြန်ထားသည်။
DOCA(ရန်ကုန်)