ကြည့်မြင်တိုင်မြို့နယ် ဆိပ်ကမ်းများတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

Powered by Drupal

  စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အ သွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည် သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက် နိုင်ရေး ကြီးကြပ်ထိန်ကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး ၊ ကြည့်မြင်တိုင်မြို့နယ် KIPT ဆိပ်ကမ်းတွင် ၁၀.၉.၂၀၂၅ ရက်နေ့ MT . BAUHINIA V.06/25OP သင်္ဘောဖြင့် Star 3 ဆီကန်သို့ 3000 MT၊ Star 4 ဆီကန်သို့ 2300 MT စုစုပေါင်းတန်ချိန် 5300 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

   ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းသို့  ၁၁.၉.၂၀၂၅ ရက်နေ့တွင် MT. RM 2V 10/25 သင်္ဘောဖြင့် LLJ ဆီကန်သို့  1200 MT ၊  LLF  ဆီကန်သို့ 2200 MT၊ LLM  ဆီကန်သို့ 1600 MT စုစုပေါင်း တန်ချိန်(5000) ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)