အရှေ့ပိုင်းဒေသများတွင် ငါးဖမ်းစီးမှုအရှိန်မြှင့်တင်မည့် အင်ဒိုနီးရှား

Powered by Drupal

အုပ်ချုပ်မှုတိုးတက်ရန်၊ ထုတ်လုပ်မှုအရှိန်မြှင့်တင်ရန်နှင့် ဒေသဆိုင်ရာငါးဖမ်းစီးသည့် အသိုက်အဝန်းများ၏ လူမှုဖူလုံမှုမြှင့်တင်ရန် အင်ဒိုနီးရှားအစိုးရသည် အရှေ့ပိုင်းဒေသများတွင် ငါးဖမ်းလုပ်ငန်းဆိုင်ရာအခြေခံအဆောက်အအုံများ အားကောင်းရန် လုပ်ဆောင်နေကြောင်း သိရပါသည်။  ငါးလုပ်ငန်းစီးဌာန၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Ridwan Mulyana က ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် Papua ၊ Maluka နှင့် East Nusa Tenggara တို့တွင် ငါးဖမ်းလုပ်ငန်းဆိုင်ရာအဆောက်အုံတည်ဆောက်ရန်နှင့် အုပ်ချုပ်မှုတိုးတက်ရန် ဆက်လက်လုပ်ဆောင်နေကြောင်းနှင့် များစွာသောပရိုဂရမ်များနှင့် ရန်ပုံငွေချထားမှုကနဦး ဆောင်ရွက်မှုများကို ဝန်ကြီးဌာနမှတိုက်ရိုက်ဆောင်ရွက်ခြင်းနှင့် ဗဟိုအစိုးရမှ ဒေသန္တရအစိုးရများ သို့ ဘဏ္ဍာရေးလွှဲပြောင်းခြင်းနှစ်ခုစလုံးနှင့် အကြီးစားအဆင့် ထိရောက်စွာဆောင်ရွက်သွားမည် ဟု ပြောကြားခဲ့ပါသည်။ တိုက်ရိုက် သို့မဟုတ် Special Allocation Fund (DAK) မှဖြန့်ဖြူးမည့် ထောက်ပံ့မှုသည် ထုတ်လုပ်မှုမြင့်တက်ရန်နှင့် အသေးစားငါးလုပ်ငန်းရှင်များ၏ လူမှုဘဝတိုးတက် ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထောက်ပံ့မှုတွင် ငါးဖမ်းဆိပ်ကမ်းအဆောက်အဦးများ ထူထောင်ခြင်း၊ တံငါရွာများတွင် ထုတ်လုပ်မှုပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အသေးစားငါးဖမ်း သမားများအတွက် ရေယာဉ်နှင့် ငါးဖမ်းပစ္စည်းများပံ့ပိုးခြင်းတို့ပါဝင်ကြောင်း သိရပါသည်။၂၀၂၃ မှ ၂၀၂၄ ခုနှစ်ကြားတွင် ဝန်ကြီးဌာနသည် ရူပီး ၇၀.၉ ဘီလီယံ၊ ပြည်နယ်အဆင့် DAK က ရူပီး ၄၁၅ ဘီလီယံနှင့် ခရိုင်အဆင့် DAK က ရူပီး ၅၀၂.၂ ဘီလီယံကို အရှေ့ပိုင်းဒေသများသို့ ရန်ပုံငွေပံ့ပိုးပေး ခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် ဝန်ကြီးဌာနသည် ၂၀၂၅ မှ ၂၀၂၇ ခုနှစ်ကြားတိုးချဲ့မည့် အစိုးရ၏ Red and White  တံငါရွာပရိုဂရမ်အတွက် မော်ဒယ်တစ်ခုဖြစ်လာမည့် ရှေ့ပြေးခေတ်မီ တံငါရွာကို Papua ပြည်နယ် Biak ကျွန်းတွင် တည်ထောင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် အတွက် စီစဉ်ထားသည့် နေရာ ၆၅ ခုအနက် များစွာသောရွေးချယ်ခံထားရသည့် တည်နေရာများ မှာ Maluka ၊ Nusa Tenggara နှင့် Papua ပြည်နယ်တို့တွင် တည်ရှိကြောင်း သိရပါသည်။ ရေကြောင်းနှင့် ငါးလုပ်ငန်းကဏ္ဍလည်ပတ်နေသည့် ကျေးရွာကော်ပိုရိတ် ၃၄၆၀၆ ခုအနက် ၅၀၇၇ ခုသည် ထိဒေသ ၃ ခုတွင် တည်ရှိကြောင်း သိရပါသည်။ ရေကြောင်းနှင့် ငါးလုပ်ငန်းကဏ္ဍတွင် ဖွံဖြိုးတိုးတက်ရေးကို အခွန်မဟုတ်သောနိုင်ငံတော်ဝင်ငွေ (PNBP) မှ ဆင်းသက်လာသည့် ဝင်ငွေဝေမျှမှုရန်ပုံငွေ (DBH) ကပံ့ပိုးပေး သွားမည်ဟု သိရပါသည်။ ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီး Sakti Wahyu Trenggono က စီမံထားသည့် ငါးဖမ်း မူဝါဒမှတစ်ဆင့် ငါးဖမ်းလုပ်ငန်းအတွက်အုပ်ချုပ်မှုအသွင်ကူးပြောင်ရေးသည် စဉ်ဆက်မပြတ် အစားအစာဖူလုံရေးနှင့် စီးပွားရေးနှင့်ဂေဟဗေဒ ဟန်ချက်ညီမှုအတွက် အဓိကကျသောမဟာ ဗျူဟာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။   DOCA (ရန်ကုန်)