အပြာရောင်စီးပွားရေးကိုအရှိန်မြှင့်တင်ရန် ပထမဆုံးမွေးမြူရေးကျောက်ပုဇွန် ဖမ်းယူမှုစတင်ခဲ့သည့် အင်ဒိုနီးရှား

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (KKP)သည် ပထမဆုံး မွေးမြူရေးကျောက်ပုဇွန်ဖမ်းယူမှုကို Riau ကျွန်းများရှိ Batam Marine Aquaculture Center (BPBP)  တွင် ပြုလုပ်ခဲ့ပါသည်။ KKP ဝန်ကြီး Sakti Wahyu Trenggono က ကျောက်ပုဇွန် မွေးမြူရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နှစ်နှစ်နီးပါး ဆောင်ရွက် လာခဲ့ကြောင်းနှင့် ယခုအောင်မြင်မှုသည် ငါးလုပ်ငန်းနှင့် ‌ရေကြောင်းကဏ္ဍတွင် အင်ဒိုနီးရှား၏ အင်အားကိုတည်ထောင်ရာတွင် ပထမအဆင့်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပထမဆုံးဖမ်းယူမှုမှာ တန်ချိန် ၁.၇ တန်ရှိပြီး တန်ဖိုးအားဖြင့် တစ်ကီလိုဂရမ်လျှင် ရူပီး ၄၀၀၀၀၀ ရှိကြောင်း သိရပါသည်။ ဝန်ကြီးက အင်ဒိုနီးရှား၏ပေါကြွယ်ဝသော သဘာဝကပေးသည့် ကျောက် ပုဇွန်ဥများကြောင့် နိုင်ငံသည်အားကောင်းသောအလားအလာရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်စာဈေးကွက်သည် အမေရိကန်ဒေါ်လာ ၄၁၄ ဘီလီယံရောက်ရှိခဲ့ပြီး အင်ဒိုနီးရှား၏ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံသာရှိသေးသည့်အတွက် များစွားသောအခွင့်အလမ်း များရှိကြောင်း ပြောကြားခဲ့ပါသည်။ ပထမအကြိမ်ဖမ်းယူမှုတွင် အမျိုးအစား ၃ မျိုးမှ ကျောက်ပုဇွန်အကောင်ရေ ၆၀၀၀ ရှိကြောင်း သိရပါသည်။ ထိုပထမဆုံးဖမ်းယူသည့်အခမ်းအနား ကို ဒုတိယသမ္မတ Gibran Rakabuming Raka နှင့် Commision 4 Chair of the House of Representatives ဖြစ်သူ Titiek Soeharto တက်ရောက်ခဲ့ကြောင်း သိရပါသည်။ Gibran က အပြာရောင်စီးပွားရေး တိုးတက်အောင်ဆောင်ရွက်ရာတွင် ‌ဒေသဆိုင်ရာလုပ်ငန်းရှင်များပါဝင်မှု၏ အရေးပါမှုနှင့် ကျောက်ပုဇွန်ဥမှောင်ခိုကူးမှုကို တားဆီးရန်အတွက် သမ္မတရုံးအမိန့် စည်းမျဉ်း လျှင်မြန်စွာ အပြီးသတ်ရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ Titiek က ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို ချီးမွမ်းခဲ့ပြီး ကျောက်ပုဇွန်အရွယ်အစားကြီးထွားရန်နည်းပညာသည် သိသာ ထင်ရှားသောတန်ဖိုးမြှင့်တင်မှုဖြစ်ကြောင်း နိုင်ငံခြားကော်ပိုရေးရှင်းများသည်လည်း အလုပ် အကိုင်များဖန်တီးရန်နှင့် နိုင်ငံခြားငွေရရှိမှုအရှိန်မြှင့်တင်ရန်အတွက် ပုဇွန်အရွယ်အစား တိုးမြှင့် ခြင်းကို အဓိကထားသင့်ကြောင်းပြောကြားခဲ့ပါသည်။ ပရိုဂရမ်မှတစ်ဆင့် ဝန်ကြီးဌာနသည် ကျောက်ပုဇွန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို တင်ပို့ရန်နှင့် ပြည်တွင်းဈေးကွက်များ အတွက်ရည်ရွယ်ပြီး ငါးဖမ်းသမားများ၊ ကမ်းရိုးတန်းဒေသနေထိုင်သူများနှင့် ဒေသတွင်းငါးဖမ်း လုပ်ငန်းနယ်ပယ်ကိုပံ့ပိုးပေးလိုကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)